မိန်းက​လေး​တွေ အယုံ မလွယ်​နဲ့

ချစ်သူကို ယုံမယ်ဆို
မိန်းကလေးတွေ စဉ်းစားဖို့လိုတယ်
=====================

၁ - ဖုန်းကိုမကိုင် မချင်းခေါ်နေပါလိမ့်မယ်

ကောင်မလေးအတွေးမှာတော့
စိတ်တွေပူ မနေသာ မထိုင်သာဖြစ်နေတယ်လို့ထင်ပါလိမ့်မယ်
အမှန်ကတော့ ဖုန်းခလုပ်လေး နိုပ်လိုက်
မုန့်လေးစားလိုက်နဲ့ ဆက်စရာဖုန်းမရှိလို့ခေါ်နေတာပါ

အရင်းမစိုက် လှေထိုးလိုက်ဆိုတဲ့စကားပုံအတိုင်းပါပဲ

-----

၂ - သန်းခေါင်ကျော် မက်စေ့တွေပို့ထားပါလိမ့်မယ်

မိန်းကလေးအမြင် မှာ လွမ်းလွန်းလို့ အိပ်မရ
သတိတရပို့တယ်ပေါ့
အမှန်တကယ်တော့ သူ့ဘာသာသူတစ်ရေးနိုးတာပါ
ဒီအခွင့်အရေးကို အမိအရအသုံးချလိုက်တာပါ

ကြွက်သေတခု အရင်းပြု၍ငွေရှာပုံ ပုံပြင်ကို ကျမ်းကြေအောင်ဖတ်ခဲ့ပုံပါပဲ

-----

၃ - သူကိုချစ်လား မကြာခဏမေးပါလိမ့်မယ်

ကောင်မလေးအမြင်ကတော့ ပိုချစ်စေချင်လို့ တဖွဖွမေးနေတာပေါ့
တကယ်တန်းကတော့ သူချစ်တာမေ့သွားမှာစိုးလို့
သူ့ကို ခဏ ခဏ သတိပေးခိုင်းနေတာပါ

နာရီအလန်းပေးမှ အိပ်ယာနိုးသလိုပဲ

-----

၎ - ချစ်စနိုးနဲ့ နာမ်စားတခုခုကို သူကိုယ်တိုင်ရွေးပါလိမ့်မယ်

ကောင်မလေးအမြင်မှာတော့ အရမ်းချစ်လို့ပေါ့
အမှန်ကတော့ လူမမှားအောင် ချစ်သူတိုင်းကို နာမ်စားတခုတည်းပေးထားတာပါ
စာမှားပို့ရင် အလွယ်တကူရှင်းလို့ရအောင်ပေါ့

ယောက်ျားဆိုတာ ဥာဏ်ထက်ဖို့လိုပါတယ်

-----

၅ - စကားလုံးတွေနဲ့ ဒါးစက်လိုက်ပါလိမ့်မယ်

ချုပ်ပါပြီ
ကြယ်စင်တွေခူးပေးမယ်
ကောင်းကင်ကြီးဖြတ်လဲပေးမယ် ဘာညာပေါ့
တကယ်က ဖုန်းဆက်လို့ မိနစ်နည်းနည်းကြာရင်တောင် မျက်နှာပျက်ချင်လာတာပါ

လေထဲမှာ တိုက်အိမ်တွေဆောက်ပြီး
အအေးပတ်အောင် ရွှီးပြပါလိမ့်မယ်

----

၆ - လောကမှာ အလှဆုံးကချစ်သူလို့ဆိုပါလိမ့်မယ်

တကယ်တန်းက
ယောက်ျားလေးတွေ မလိမ်ပါဘူး
မိန်းကလေးတိုင်းကို ချစ်တော့
ချစ်တဲ့သူတိုင်းကို လှနေတယ်ဆိုတဲ့သဘောပါ

စကားလုံးချန်ရုံနဲ့ မုသာဝါဒကံလွတ်သွားပါတယ်

-----

၇ - အသဲမကြာခဏ ကွဲပြပါလိမ့်မယ်

ဒါဟာ ဗျူဟာတမျိုးပါ
တက္ကစီကားလိုပေါ့ ခဏအရှိန်လျော့တာဟာ
တစ်ယောက်ယောက်များ လက်ပြတားမလားလို့သုံးတာပါ
လိုက်မဲ့သူရှိရင် ထပ်တင်ချင်တဲ့သဘော

-----

၈ - အရမ်းလွမ်းလို့ ပြန်ဆက်တယ်လို့ပြောပါလိမ့်မယ်

ပစ္စည်းတခု ရောင်းသလိုပါပဲ
ဈေးမေးပါတယ်
တခြားမှာများ ပိုကောင်းပြီး ပိုသက်သာမလားလို့ လျှောက်ကြည့်ပါတယ်
နောက်ဆုံး ဒီဟာလေးပဲသင့်တော်ပါတယ်ဆိုပြီး ပြန်လာတဲ့သဘော

-----

၉ - နင်မချစ်နိုင်ရင် ထားခဲ့ပါလို့ပြောလိမ့်မယ်

ဒါဟာ ဖြတ်နည်းတမျိုးပါပဲ
သူ့အပြစ်လွှတ်အောင် ကြံဖန်တာပါ
ကြမ်းပိုးကို ပါဏာတိပါတာ လွတ်အောင်
ရေချိုးပေးတယ်လို့ ပြောနည်းပါပဲ

-----

၁၀ - ဖုန်း busy ဖြစ်တဲ့အခါ အကြောင်းပြပါလိမ့်မယ်

မမနဲ့ ပြောနေတယ်ပေါ့
မမ ဆိုတာ ချစ်သူမမကိုပြောတာပါ
ညီမလေးဆိုလည်း ဒီသဘောပါပဲ . . .
လက်တလုံးခြားလိမ်နည်းလို့ ခေါ်ပါတယ်

-----

၁၁ - သူကို ထားမသွားဖို့လည်း ပြောပါလိမ့်မယ်

တကယ်က သူက ထားသွားချင်လို့
သူကိုထားမသွားနဲ့ပြောတာပါ
မဖြတ်ခင်ကတည်းက ဖြတ်ရင် သူအနိုင်လိုချင်နေတဲ့သဘောပေါ့

ကြိုတင်ကြံစည်မှုပါ

-----

၁၂ - အနာဂတ်တခုလုံး ချပြပါလိမ့်မယ်

ဒါဟာ ပြောနေကျပုံပြင်တပုဒ်ပါ
အလွတ်ရနေတဲ့ စာတစ်ပုဒ်လို
စာတစ်လုံးကအစ မလွဲအောင် သူရွတ်ပြပါလိမ့်မယ်

ဆရာကျနေပြီဆိုတဲ့ သဘောပါ . . . ။

---------------

မိန်းကလေးတွေ . . .
စဉ်းစားပါ
ချင့်ချိန်ပါ
တော်ကီဆိုတာ ရေမွှေးလိုပါပဲ
အနံ့သာမွှေးတာ သောက်လို့မရပါဘူး(or)အာဟာရမဖြစ်ပါဘူး. . . ။



Pro တစ်​​ယောက်​​တော့ မဟုတ်​ပါဘူး။ အခုလို ကျွန်​​တော့်​ application ကို သုံး​ပေးတဲ့အတွက်​​ ကျေးဇူးအများကြီးတင်​ပါတယ်။ With Love... Zin Kyaw Kyaw {AJ} 09258060312 ...

Comments